သင်ခန်းစာ ရည်ရွယ်ချက်များ
ငွေကြေးဆိုင်ရာ အသိပညာကို နားလည်ခြင်းက ကိုယ့်ရဲ့ငွေကို စနစ်တကျသုံးတတ်ပြီး အနာဂတ်အတွက် ပြင်ဆင်ထားနိုင်အောင် ကူညီပေးပါတယ်။ Module 1 ရဲ့ သင်ခန်းစာတွေကို လေ့လာပြီးပါက ငွေကြေးတည်ငြိမ်တဲ့ ဘဝတစ်ခုတည်ဆောက်ရမှာ အရေးကြီးတဲ့ ဝင်ငွေနဲ့ ကုန်ကျစရိတ်ကို စီမံတာ၊ ငွေစုတာ စတဲ့ ငွေကြေးဆိုင်ရာ အခြေခံအကြောင်းအရာတွေကို သိရှိနားလည်သွားမှာ ဖြစ်ပါတယ်။
ဘယ်သူတွေအတွက်လဲ
အခြေအနေအမျိုးမျိုးကြောင့် ပညာဆက်လက်သင်ယူရန်ခက်ခဲနေတဲ့ အသက် ၁၃ မှ ၁၈ နှစ်အတွင်းကျောင်းပြင်က ကလေးများအတွက် ရည်ရွယ်ထားပါတယ်။ ဒီအခန်း (၁) ငွေကြေးဆိုင်ရာ အသိပညာ အကြောင်းကို မိတ်ဆက်ခြင်း အခန်းမှာ ပါဝင်တဲ့ သင်ခန်းစာအကြောင်းအရာတွေနဲ့ လေ့လာသင်ယူရမယ့် အကြောင်းအရာတွေက အသက် ၁၃ နှစ် မှ ၁၈ နှစ်အတွင်း ကလေးတွေအတွက် သင်ခန်းစာတွေကို သင့်လျော်အောင် ဆွေးနွေးရေးဆွဲ ထားပါတယ်။