တစ်သက်တာသင်ယူမှုဆိုတာ -----

Author:Admin User
Created:Monday, 4 November 2024, 3:07 AM
Last Modified:Wednesday, 2 April 2025, 4:36 AM by Unesco Admin

Abstract

တစ်သက်တာသင်ယူမှုဆိုတာအလုပ်အကိုင်သစ်တွေရှာဖို့ပဲဖြစ်ဖြစ်၊ဝါသနာအသစ်တစ်ခုကိုသင်ယူဖို့ပဲဖြစ်ဖြစ်၊မိမိရဲ့စွမ်းရည်တွေကိုမြှင့်တင်ဖို့ပဲဖြစ်ဖြစ်၊အသက်မွေးဝမ်းကြောင်းဆိုင်ရာတိုးတက်ဖို့ပဲဖြစ်ဖြစ်ကိုယ်တိုင်အချိန်နှင့်အမျှကျွမ်းကျင်မှုအသစ်တွေကိုလေ့လာဆည်းပူးရတဲ့စဥ်ဆက်မပြတ်လုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ 

Content

image.png

လူငယ်လေးတစ်ယောက်ဖြစ်တဲ့နေလကတစ်သက်တာသင်ယူမှုမှတဆင့်သူ့ကိုအထက်တန်းကျောင်းဆင်းတစ်ဦးကနေကျွမ်းကျင်တဲ့ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ်သို့ပြောင်းလဲပေးသွားတဲ့ဖြစ်ရပ်လေးကိုကြည့်ရအောင်။

  • စူးစမ်းချင်စိတ်နှင့်စိတ်အားထက်သန်မှုတို့ဖြင့်အစပြု

E-learning online flat illustration

နေလကဒစ်ဂျစ်တယ်ပန်းချီဆွဲခြင်းနဲ့ဖန်တီးခြင်းကိုအမြဲနှစ်သက်ခဲ့လို့အထက်တန်းကျောင်းကတည်းကယူကျု့ (YouTube)သင်ကြားရေးဗီဒီယိုတွေကတဆင့်လေ့လာခဲ့ပါတယ်။အထက်တန်းကျောင်းနဲ့သင်တန်းတွေကသူ့ကိုကွန်ပျူတာအခြေခံအချို့ကိုသင်ကြားပေးခဲ့ပေမယ့်ပရောဖက်ရှင်နယ်ဖြစ်ဖို့ကဒီထက်ပိုလိုအပ်ကြောင်းသိလာခဲ့ပါတယ်။ဒါ့အပြင် "ဒီဇိုင်းဆော့ဖ်ဝဲလ်များ၊ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေခြင်းဆိုင်ရာအခြေခံမူများ"စတဲ့ကျွမ်းကျင်မှုတွေလိုအပ်လာတာကြောင့်သူအားလပ်တဲ့အချိန်တွေမှာဂရပ်ဖစ်ဒီဇိုင်းဆိုင်ရာအွန်လိုင်းသင်တန်းတစ်ခုကိုလေ့လာသင်ယူခဲ့ပါတယ်။ဘဝတစ်သက်တာသင်ယူမှုခရီးရဲ့အစကိုစူးစမ်းချင်စိတ်နှင့်စိတ်အားထက်သန်မှုတို့ဖြင့်အစပျိုးခဲ့ပါတယ်။

  • ပြောင်းလဲနေသောခေတ်ရေစီးကြောင်းများနှင့်နည်းပညာများကိုလိုက်လျှောက်

Top 18 Emerging Technology Trends to ...

ဂရပ်ဖစ်ဒီဇိုင်းပညာနဲ့အလုပ်လုပ်နေစဥ်မှာပဲသူ့ရဲ့အသက်မွေးဝမ်းကြောင်းကဒစ်ဂျစ်တယ်နှင့်ဆိုရှယ်မီဒီယာဒီဇိုင်းဘက် ပြောင်းလဲသွားတာကိုသတိပြုမိခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပဲသူ့ရဲ့အသိပညာကခေတ်နောက်ကျနေပြီဆိုတာကို နားလည်လက်ခံလိုက်ပြီးဆော့ဖ်ဝဲလ်အသစ်တွေအကြောင်းနဲ့မီဒီယာနဲ့ပါတ်သက်ပြီးစာအုပ်တွေ၊အလုပ်ရုံဆွေးနွေးပွဲတွေကိုတက်ရောက်ကာထပ်မံလေ့လာခဲ့ပါတယ်။နေလမှာလိုအပ်တဲ့ခေတ်ရေစီးကြောင်းနှင့်အညီကျွမ်းကျင်မှုတွေရှိတဲ့အကျိုးဆက်ကတော့အလုပ်မှာရာထူးအသစ်အတွက်ခေါ်တဲ့အခါအဆင်သင့်ဖြစ်ခဲ့ပါတယ်။

  • ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုအတွက်စွမ်းရည်များလည်းပျိုးထောင် 

The New Wave of Personal Development ...

သူ့ရဲ့အစောပိုင်းအလုပ်သင်အတွေ့အကြုံတွေကနေလည်းပြောဆိုဆက်သွယ်ရေး၊အချိန်စီမံခန့်ခွဲမှုနှင့်ပြဿနာဖြေရှင်းခြင်းစတဲ့စွမ်းရည်တွေတိုးတက်လာခဲ့ပါတယ်။နောက်ပိုင်းအလုပ်အတွေ့အကြုံကနေတဆင့် "အဖွဲ့နဲ့ပူးပေါင်းလုပ်ဆောင်တတ်ဖို့နဲ့အပြုသဘောဆောင်တဲ့ဝေဖန်မှုများကိုဘယ်လိုကိုင်တွယ်ရမလဲ"ဆိုတာကိုသင်ယူခဲ့ရပါတယ်။ "အချိန်ကိုထိထိရောက်ရောက်စီမံခန့်ခွဲနိုင်မှု၊ အကြံဉာဏ်များကိုတွေးခေါ်နိုင်မှုနှင့်အများနဲ့ဆက်သွယ်ပြောဆိုနိုင်မှု"တွေကိုစဥ်ဆက်မပြတ်လေ့ကျင့်တာကြောင့်ဖောက်သည်များနဲ့ဆက်ဆံရေးကိုကောင်းမွန်စွာတည်ဆောက်နိုင်ပြီးသတ်မှတ်ရက်အတွင်းထိရောက်စွာအလုပ်ပြီးမြောက်အောင်ဆောင်ရွက်နိုင်တာကြောင့်လူအများရဲ့ယုံကြည်မှုကိုရရှိခဲ့ကာမန်နေဂျာရာထူးကိုတိုးမြှင့်ခံခဲ့ပါတယ်။သူသင်ယူခဲ့တဲ့ကျွမ်းကျင်မှုတိုင်းသူပြီးမြောက်ခဲ့တဲ့ကြိုးစားမှုတိုင်းအတွက်အောင်မြင်မှုနဲ့တိုးတက်မှုကိုခံစားရစေပါတယ်။

နည်းပညာဆိုင်ရာကျွမ်းကျင်မှုသာမကကိုယ်ရည်ကိုယ်သွေးတိုးတက်မှုအတွက် တစ်သက်တာသင်ယူခြင်းကနေလအားဘက်စုံဖွံ့ဖြိုးတိုးတက်မှုကိုခံစားရစေခဲ့ပါတယ်။ ဒါကတော့နေလကစဉ်ဆက်မပြတ်လေ့လာသူအဖြစ်နဲ့သူ့ကိုယ်သူအကောင်းဆုံးပုံစံအဖြစ်တစ်သက်တာသင်ယူနေတဲ့ဥပမာလေးဖြစ်ပါတယ်။နေလ ဥပမာလေးကနေတစ်သက်တာသင်ယူမှုကမိမိရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုတည်ဆောက်ဖို့နဲ့တစ်သက်တာအတွက်ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုကိုပြုစုပျိုးထောင်ရန်ကူညီပေးနိုင်တာကိုတွေ့ရမှာပါ။

"တစ်သက်တာသင်ယူခြင်းဆိုတာအဆုံးမရှိတဲ့ခရီးတစ်ခုဖြစ်ပေမယ့်လည်းရည်ရွယ်ချက်၊ရှာဖွေတွေ့ရှိမှုနှင့်စဉ်ဆက်မပြတ်တိုးတက်မှုများဖြင့်ပြည့်နှက်နေတဲ့  ခရီးတစ်ခုဖြစ်နေတာကိုတွေ့ရပါမယ်။" 

သင်ယူခြင်းဆိုတာဒီပလိုမာတစ်ခုရရုံနဲ့မပြီးဆုံးသေးပါ။စာအုပ်စာပေတွေ၊အွန်လိုင်းသင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ကိုယ်တိုင်လေ့လာခြင်းသို့မဟုတ်အလုပ်သင်ဆင်းခြင်း၊လုပ်အားပေးခြင်းနဲ့လုပ်ငန်းခွင်အတွေ့အကြုံတွေကဖြစ်စေတစ်သက်တာသင်ယူမှုကိုရယူနိုင်ပါတယ်။သင်ယူမှုအတွေ့အကြုံတစ်ခုစီက ချမှတ်ထားတဲ့ပန်းတိုင်တွေကို ရရှိပိုင်ဆိုင်ဖို့ ပိုမိုနီးကပ်စေနိုင်ပါတယ်။ 

Myanmar Youth Platform မှာလည်းအလုပ်အကိုင်နဲ့ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုအတွက်အွန်လိုင်းသင်တန်းများကိုလေ့လာနိုင်သလို Podcast များနားထောင်ခြင်းမှတဆင့်လည်းတစ်သက်တာသင်ယူမှုကိုရယူနိုင်ပါတယ်။ 

Source of photos: Google



back

Related Articles

Image description
ယုံကြည်ခြေတစ်လှမ်း

ဘဝရဲ့ အစိတ်အပိုင်း တော်တော်များများနှင့် အောင်မြင်မှုအတွေ့အကြုံတွေက မသေချာမရေရာတဲ့ ခြေလှမ်းလေးတစ်ခုနဲ့ စတင်ပါတယ်။ တောင်တက်တာပဲဖြစ်ဖြစ်၊ စက်ဘီးစီးတတ်ဖို့ပဲဖြစ်ဖြစ်၊ စာမေးပွဲအောင်ဖို့ပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့နေရာကိုရောက်ဖို့ ခြေလှမ်းပေါင်းများစွာကို ဖြတ်သန်းခဲ့ကြရတယ် မဟုတ်ပါလား။ 

ပထမဆုံးခြေလှမ်းကို စလှမ်းဖို့က လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဘာသာစကားတစ်ခုကို လေ့လာမယ် ဒါမှမဟုတ် ခရီးတစ်ခုအတွက် ပိုက်ဆံစုမယ်ဆိုတာတွေကို ကြည့်ရင် သိသာပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ်လိုချင်တဲ့ ရလဒ်ကို ချက်ချင်းရတာမဟုတ်ပါဘူး။ တစ်ဆင့်ပြီးတစ်ဆင့် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မှသာ မိမိလိုလားတဲ့ အခြေအနေတွေကို ရရှိနိုင်မှာပါ။

ပထမဆုံးခြေလှမ်းဆိုတာ မလုပ်ရသေးတဲ့အရာတွေကို လုပ်ဆောင်ချက်အနေနဲ့ စတင်ဖို့သာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ သေးငယ်တဲ့အရာပဲဖြစ်စေ စတင်လုပ်ဆောင်တာက မိမိလိုချင်တဲ့အရာကိုရဖို့ သန္ဒိဌာန်ချလိုက်တာလည်းဖြစ်ပါတယ်။ ရှေ့ဆက်ဖို့ကိုလည်းပိုမိုလွယ်ကူစေပါတယ်။ ပထမဆုံးခြေလှမ်းကိုစတင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် သံသယစိတ်၊ ကျရှုံးမှာကိုကြောက်ရွံ့ခြင်းတွေကလည်း တွန့်ဆုတ်စေတတ်ပါတယ်။ ဘယ်ပန်းတိုင်ကိုပဲစစ “မိမိကိုယ်ကို ယုံကြည်ခြင်း”က ပထမဆုံးလုပ်ရမယ့် အရေးကြီးဆုံးခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။ 

မိမိကိုယ်ကိုယုံကြည်မှုဆိုတာ ဝယ်ယူလို့ရတဲ့အရာတစ်ခုမဟုတ်ပါဘူး။ မိမိစလှမ်းလိုက်တဲ့ ခြေလှမ်းတွေကနေရတဲ့ သေးငယ်တဲ့‌အောင်မြင်မှုတွေကနေ ခွန်အားယူပြီး တည်ဆောက်လာတဲ့ စွမ်းရည်တစ်မျိုး ဖြစ်ပါတယ်။ တခါတလေတွေ့ကြုံရတဲ့ ရှုံးနှိမ့်မှုတွေကနေတဆင့်လည်း သင်ခန်းစာအဖြစ်ပြောင်းလဲပြီး မိမိရဲ့ယုံကြည်မှုကို တိုးတက်အောင် တည်ဆောက်နိုင်ပါတယ်။

  • မိမိကိုယ်ကို ယုံကြည်ပါ။ 

Self Belief - Self Confidence ...

မိမိကိုယ်ကိုယုံကြည်မှုက အောင်မြင်မှုရဖို့ လိုအပ်တဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ၎င်းက ငါပဲသိငါပဲတတ်ဆိုတဲ့ ယုံကြည်မှုလွန်ကဲတာမျိုးမဟုတ်ပဲ "ဘာပဲဖြစ်ဖြစ် ငါ့မှာရှေ့ဆက်ဖို့ ခွန်အားနှင့် ခံနိုင်ရည်ရှိတယ်။ ငါလုပ်နိုင်တယ်။"ဆိုတဲ့ အာမခံချက်ရှိနေခြင်းမျိုးဖြစ်ပါတယ်။ ဒီလိုယုံကြည်ချက်မျိုးက မိမိကိုယ်ကို သံသယဖြစ်တဲ့စိတ်ကို ကျော်လွှားနိုင်စေဖို့ကူညီပေးပြီး ရှေ့ဆက်ဖို့ ခွန်အားတွေကို ဖြစ်စေမှာပါ။

  • စိန်ခေါ်မှုများကို လက်ခံပါ။

Challenge Stock Clipart | Royalty-Free ...

ဘယ်လိုခရီးမဆို မျဉ်းဖြောင့်ပဲမဟုတ်ဘဲ မကြာခဏ ကွေ့ကောက်ခြင်း၊ လမ်းလွှဲခြင်း၊ ခေတ္တရပ်ခြင်းနှင့် ပြန်လည်စတင်ခြင်းများ ပြုလုပ်ရလေ့ရှိတတ်ပါတယ်။အတားအဆီးကင်းတဲ့ခရီးဆိုတာ မရှိပါဘူး။ တကယ်တော့ စိန်ခေါ်မှုတွေက ပြဿနာဖြေရှင်းခြင်းနဲ့ စိတ်ရှည်သည်းခံခြင်းတို့ကို သင်ကြားပေးတဲ့ ခရီးစဉ်လို့ အဓိပ္ပါယ်ရှိစေတဲ့အရာပါ။ လမ်းတစ်လျှောက်မှာ ကြုံတွေ့ရမယ့် အခက်အခဲတစ်ခုစီတိုင်းကနေ ရင်ဆိုင်ကျော်လွှားနိုင်အောင် သင်ယူရခြင်းကနေတဆင့် မိမိတို့ရှေ့ဆက်သွားမယ့်ခရီးကိုပိုပြီး အထောက်အကူဖြစ်စေတာ အမှန်ပါ။

  • မိမိကိုယ်ကိုယုံကြည်မှုကို နေ့စဉ်လေ့ကျင့်ပါ။

Building Self Confidence: Over 655 ...

ကိုယ့်ကိုယ်ကိုယုံကြည်မှုဆိုတာ တခြားကျွမ်းကျင်မှုတွေလိုပါပဲ နေ့စဥ်လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ နေ့စဉ်အောင်မြင်နိုင်မယ့် လွယ်ကူပြီး စီမံခန့်ခွဲနိုင်မယ့်ပန်းတိုင်တွေကို သတ်မှတ်ကာစတင်ပါ။ ဥပမာ- စာအုပ်တစ်အုပ်ရေးဖို့ ရည်မှန်းထားရင် နေ့တိုင်းစာတစ်မျက်နှာရေးပါ။ မိမိအိပ်မက်က မာရသွန်ပြေးဖို့ဆိုရင် တစ်မိုင်ပြေးခြင်းနဲ့စတင်လိုက်ပါ။ အွန်လိုင်းသင်တန်းတစ်ခုကို တက်မယ်ဆိုရင် တစ်နေ့ ၁၅ မိနစ်ကစ အချိန်ပေးလေ့လာပါ။ ဒီပန်းတိုင်ငယ်တွေကို ပြီးမြောက်ခြင်းက နေ့စဥ်မိမိကိုယ်ကို ယုံကြည်မှုရှိမှု အလေ့အထကို အားဖြည့်ပေးလာမှာပါ။ အချိန်ကြာလာသည်နှင့်အမျှ ဒီသေးငယ်တဲ့ခြေလှမ်းတွေကနေကပဲ ကြီးမားတဲ့ တိုးတက်လာမှုကို တွေ့မြင်ရမှာဖြစ်ပါတယ်။

  • တိုးတက်မှုကို မှတ်ကျောက်တင်ပါ။ 

Cartoon Praise Stock Illustrations – 2 ...

ကိုယ့်ရဲ့အောင်မြင်မှုကို မိမိလိုလားတဲ့ ရလာဒ်အကြီးတစ်ခုတည်းနဲ့ပဲ မတိုင်းတာပါနဲ့။ ယင်းအစား မိမိလုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုတိုင်းကို ဂုဏ်ပြုပါ။ အနည်းငယ်လို့ထင်ရတဲ့ သေးငယ်တဲ့ ခြေလှမ်းတိုင်းကို ရေတွက်ပြီး ချမှတ်ထားတဲ့ပန်းတိုင်အတွက် လုပ်ဆောင်နေတဲ့ အချိန်တိုင်းဟာ အောင်ပွဲတစ်ခုပါပဲ။

  • ပြောင်းလဲတိုးတက်မှုအတွက် အောင်ပွဲခံပါ။

Free Congratulations Stickers, + 114 ...

ခရီးတစ်ခုရဲ့အဆုံးမှာတော့ ကိုယ်မမျှော်လင့်ထားတဲ့ ပြောင်းလဲသွားမှုတွေကို တွေ့ရပါလိမ့်မယ်။မိမိကိုယ်ကို ယုံကြည်ပြီး စတင်လိုက်တဲ့ သေးငယ်တဲ့ခြေလှမ်းတွေကို လျှောက်လှမ်းခြင်းက ပြင်ပအောင်မြင်မှုတွေသာမက ကိုယ့်ရဲ့ ခံယူချက်သဘောထားတွေကိုပါ ပြောင်းလဲစေပါတယ်။ ပိုခံနိုင်ရည်ရှိပြီး မျှော်လင့်ချက်တွေအပြည့်နဲ့ အနာဂတ်စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်စွမ်း ပိုရှိလာတာကို ဂုဏ်ယူနိုင်သွားပါပြီ။

ဘယ်ခရီးကိုသွားနေပါစေ အဲဒါတွေအားလုံးဟာ သေးငယ်တဲ့ခြေလှမ်းတစ်ခုနဲ့ အောင်မြင်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စတင်တယ်ဆိုတာကို သတိရပါ။

Understanding and building Self-belief ...

ရှေ့လျှောက်လမ်း တစ်ခုလုံးကို မမြင်ရသေးလို့ မကြောက်ပါနဲ့။ပထမအဆင့် ပြီးရင် နောက်တစ်ဆင့်ကို ဆက်လက်လုပ်ဆောင်လိုက်ပါ။ မိမိကိုယ်ကို ယုံကြည်ခြင်းကနေတဆင့် ကြုံတွေ့လာတဲ့အတားအဆီးတွေကို ကျော်လွှားစေမှာဖြစ်ပြီး ရှေ့သို့ ဆက်လက်ချီတက်ကာ တစ်ချိန်က ကိုယ်မထင်မှတ်ထားတဲ့ အမြင့်ကို ရောက်နိုင်မှာပဲဖြစ်ပါတယ်။ 

မိမိကိုယ်ကို ယုံကြည်ဖို့နဲ့ ခံနိုင်ရည်ရှိလာဖို့ Myanmar Youth Platform ရဲ့ အွန်လိုင်း သင်တန်းတွေထဲမှ မိမိသင်ယူလိုတဲ့ courseတွေကို ‌ရွေးချယ်လေ့လာပြီး ပထမခြေလှမ်းကို စတင်လိုက်ပါ။

အခု သင့်ရဲ့ ယုံကြည်ခြေတစ်လှမ်းကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား။ 

Image description
အပေါင်းအသင်း ဖိအားဆိုတာ ----

အပေါင်းအသင်းဖိအားဆိုတာ မိမိမိတ်ဆွေသူငယ်ချင်းတွေက မိမိဆုံးဖြတ်ချက်တွေချမှတ်မှုအပေါ် လွှမ်းမိုးနိုင်စွမ်းကို ဆိုလိုတာပါ။

အပေါင်းအသင်းဖိအားက

  •  တိုက်ရိုက်လည်းဖြစ်နိုင်သလို (ဥပမာ- နင် ဒီဆေးလိပ်သောက်ကြည့်၊ ကောင်းတယ်
  • သွယ်ဝိုက်လည်းဖြစ်နိုင်ပါတယ် (ဥပမာ- ရှေ့ကနေ ဆေးလိပ်သောက်ပြပြီး သောက်ချင်လာအောင် ကောင်းတဲ့အချက်တွေကိုဘဲ ပြောနေတာမျိုးပါ)

image.png

အေ့လိုမျိုး ဖိအားတွေဟာဆိုရင် အထူးသဖြင့် အသက်ငယ်စဥ် (အသက် ၁၂ နှစ်မှ ၁၆ နှစ်အတွင်း) မှာဆို ဖိအားဒဏ်ကအမြင့်ဆုံးခံစားရနိုင်ပြီးတော့ နောက်ပိုင်းလူငယ်ဘဝနဲ့ အရွယ်ရောက်လာရင်တော့ လျော့နည်းသွားလေ့ရှိပါတယ်။

အပေါင်းအသင်းဖိအားနဲ့ ပတ်သက်ပြီးတော့ သတိပြုဖွယ်ရာလေ့လာတွေ့ရှိချက်တွေက-

() အပေါင်းအသင်းဖိအားနဲ့ စိတ်ကျန်းမာရေး

Peer Pressure | Kellimni.com

အပေါင်းအသင်းဖိအားက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓါတ်ကျမှုတွေကို ပိုမိုများပြားလာစေနိုင်ပါတယ်။ အထူးသဖြင့် အပျက်သဘောဆောင်တဲ့အပြုအမှုတွေ၊အမူအကျင့်တွေကို လိုက်လုပ်စေတာတို့၊ လုပ်ဖို့ဖိအားပေးခံရတဲ့အခါတွေမှာ စိတ်ကျန်းမာရေးကိုပိုထိခိုက်စေပါတယ်။

() အပေါင်းအသင်းဖိအားနဲ့ အန္တရာယ်ရှိတဲ့အပြုအမှုများ

Peer Pressure Vector Images (over 220)

အပေါင်းအသင်းဖိအားက မူးယစ်ဆေးဝါးသုံးစွဲဖြစ်ဖို့၊ ဥပဒေနဲ့ မလွတ်ကင်းတဲ့အပြုအမှုတွေပြုလုပ်ဖို့နဲ့ ဘေးကင်းလုံခြုံမှုမရှိတဲ့လိင်ဆက်ဆံခြင်းစတဲ့ အန္တရာယ်ရှိတဲ့အပြုအမှုတွေမှာပါဝင်ဖို့ကိုလွှမ်းမိုးမှုရှိနိုင်ပါတယ်။

 

() အပေါင်းအသင်းဖိအားနဲ့ ပညာရေး

Peer Pressure's Nasty Side – The Johnny ...

အပေါင်းအသင်းဖိအားက မိမိပေါင်းသင်းတဲ့ သူငယ်ချင်းမိတ်ဆွေအုပ်စုပေါ်မူတည်ပြီး ကျောင်းပညာရေးမှာလည်း အကောင်းဖက်ရော အဆိုးဖက်ရောကို ပြောင်းလဲနိုင်ပါတယ်။ 

အပေါင်းအသင်းဖိအားကို ဘယ်လို ကျော်လွှားကြမလဲ

မကောင်းတဲ့ အရာတွေကိုလုပ်ဖို့ အတင်းအကြပ်တွန်းအားပေးတဲ့ အပေါင်းအသင်းဖိအားကို သူငယ်ချင်းမိတ်ဆွေတွေနဲ့ ခင်မင်မှုမပျက်စီးစေပဲ ကျော်လွှားနိုင်ဖို့ အောက်ပါအချက်တွေကို စမ်းလုပ်ကြည့်ပါ။

() မိတ်ဆွေသူငယ်ချင်းကို ရွေးချယ်ပေါင်းသင်းပါ

Peer pressure Kids Helpline Child Human ...

မိမိရဲ့ ဆုံးဖြတ်ချက်၊ ရွေးချယ်မှုအပေါ် လေးစား၊လက်ခံပေးမယ့် သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပေါင်းသင်းခြင်းက အရေးကြီးပါတယ်။ ကိုယ်မလုပ်ချင်တဲ့ကိစ္စကို ဖိအားပေး အကြပ်ကိုင်တတ်တဲ့သူတွေနဲ့ ဆို သတိထား ဆက်ဆံရမှာဖြစ်ပါတယ်။ 

 

() မိမိကိုယ်ကို ယုံကြည်မှုရှိပါ

Positive Emotions Confidence Emotional ...

ကိစ္စတစ်ခု ကြုံလာတိုင်း အမှန် နဲ့ အမှား ကို ဝေဖန်ပိုင်းခြား သုံးသပ်ကြည့်ပါ။ အဆိုပါကိစ္စက ကိုယ့်အတွက် အဆင်ပြေမနေဘူးဆိုရင် No ဆိုပြီး ငြင်းဖို့ ဝန်မလေးပါနဲ့။ (ဥပမာ၊ ဆေးလိပ် စမ်းသောက်ကြည့်ဖို့ တိုက်တွန်းတာမျိုးပါ)

 

() No ဆိုပြီး ကောင်းကောင်းမွန်မွန် ငြင်းတတ်အောင် လေ့ကျင့်ပါ

saying no to peer pressure #221090

ခါးခါးသီးသီး ငြင်းဆန်တာမျိုးမဟုတ်ပဲ မိတ်မပျက်ရအောင် ကောင်းကောင်းမွန်မွန် ငြင်းတတ်ဖို့လည်း အရေးကြီးပါတယ်။ငါ တကယ် မကြိုက်လို့ပါ”, “ငါ မလုပ်ချင်ဘူး၊ ငါ့ ပုံစံနဲ့လည်း မကိုက်ပါဘူးအစရှိသဖြင့် အကြောင်းပြချက် တစ်စုံတစ်ရာပေးပြီး လိမ္မာပါးနပ်စွာ ငြင်းတတ်ဖို့လိုပါတယ်။

 

() အကြောင်းပြချက်တွေကို ကြိုတင်စဥ်းစားထားပါ

resist succumbing to peer pressure ...

ကိုယ့်ကိုအတင်းအကြပ် ဖိအားပေးခံရတဲ့ အခါတိုင်းမှာ အကြောင်းကိစ္စ တစ်စုံတစ်ရာကို ပြောပြီး ငြင်းဆန်လို့ရနိုင်ပါတယ်။ ဥပမာငါ မေ့နေတာ၊ ငါ့အိမ်က ခိုင်းထားတာရှိလို့ ငါခု သွားမှ ဖြစ်မယ်ငါ အဲ့ဒါတွေလုပ်လို့ မဖြစ်ဖူးလေ၊ အိမ်က သိရင် ပြဿနာအကြီးကြီးတက်သွားလိမ့်မယ်စတဲ့ အကြောင်းပြချက်တွေကို ကြိုတင် စဥ်းစားထားနိုင်ပါတယ်။

 

() အကူအညီ တောင်းခံပါ

Peer Pressure | Stress Counselling to ...

အပေါင်းအသင်းဖိအားတွေ တွေ့ကြုံလာရတဲ့အခါ မိမိယုံကြည်ရတဲ့ သူငယ်ချင်း၊ မိဘဆွေမျိုး၊ ဆရာသမားတွေနဲ့ ဖွင့်ဟတိုင်ပင်ပါ။ အကြံဥာဏ်ကောင်းတွေ (သို့မဟုတ်) အကူအညီတောင်းယူပါ။

 

မိမိသာလျှင် မိမိ ဘဝ ပဲ့ကိုင်ရှင် အစစ်အမှန်ပါ

 

အပေါင်းအသင်း ဖိအား ဆိုတိုင်းလည်း အဆိုးကြီးပဲမဟုတ်ပါ။ သူငယ်ချင်းတွေက စာတူတူလုပ်ဖို့ အားကစား တူတူကစားဖို့၊ သို့မဟုတ် ရပ်ရွာကူညီရေးလုပ်အားပေးဖို့ ခေါ်တာတွေလည်း ရှိပါတယ်။ အဓိကအချက်ကတော့ ဘယ်အချိန်မှာ Yes ပြောပြီး ဘယ်လိုအချိန်မှာ No ပြောတတ်ဖို့ပါပဲ။

မိတ်ဆွေ သူငယ်ချင်းကောင်းဆိုရင် မိမိဆုံးဖြတ်ချက်ကို လေးစားအသိအမှတ်ပြုမှာဖြစ်ပါတယ်။ အရေးကြီးတာက လူအများကလုပ်လို့ လိုက်လုပ်ရမယ်လို့ မဟုတ်ပဲ မိမိမှန်မယ်လို့ ထင်တဲ့အရာအပေါ် ရပ်တည်နိုင်ခြင်းဟာလည်း အရည်အချင်းတစ်ခုပဲ ဖြစ်ပါတယ်။ 

လူငယ်တွေအားလုံးလည်း မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ဖိအားနဲ့ လမ်းမှားကို မရောက်ပဲ တိုးတက်ကောင်းမွန်တဲ့ရလာဒ်များကို အားလုံးတူတူ ဖန်တီးနိုင်ကြပါစေ။

Source of photos: Google