အလုပ်အကိုင်လမ်းကြောင်းရှာဖွေရန်: မြန်မာလူငယ်များအတွက်လမ်းညွှန်...
No download availableAuthor: | Unesco Admin |
Created: | Wednesday, 18 December 2024, 12:22 PM |
Content
အလုပ်အကိုင်ရွေးချယ်ခြင်းဟာ စိတ်လှုပ်ရှားဖွယ်ဖြစ်ပေမယ့် ခက်ခဲတဲ့ ရွေးချယ်မှုတစ်ခုပါ။ ဘယ်နေရာကနေ စတင်ရမလဲဆိုတာ မသိရင်တော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ သင်ရဲ့ အရည်အချင်းနှင့် စိတ်ဝင်စားမှုကိုအခြေခံပြီး အလုပ်အကိုင်လမ်းကြောင်းများကို ရှာဖွေနိုင်ပါတယ်။ သင့်ရဲ့ အလုပ်အကိုင်လမ်းကြောင်းရှာဖွေရန် ရိုးရှင်းတဲ့ လမ်းညွှန်မှုတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။
အဆင့် ၁: မိမိကိုယ်ကိုသိပါ - အလုပ်အကိုင်တစ်ခုရွေးချယ်ဖို့မတိုင်ခင် မိမိကိုယ်ကိုသိဖို့အရေးကြီးပါတယ်။ အောက်ပါမေးခွန်းများကို မေးပြီး သင်ရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ စိတ်ဝင်စားမှုကို နားလည်အောင်ပြုလုပ်ပါ။
· မည်သည့်အရာများတွင် ကျွမ်းကျင်ပါသလဲ?
· အလုပ်မရှိတဲ့အချိန်တွင် အဘယ်အရာကိုလုပ်ရတာ ကြိုက်ပါသလဲ? ဘာအရာများကို လုပ်ရတာ ပျော်ရွှင်ပါသလဲ?
· ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ကျော်လွှားချင်ပါသလဲ?
ဥပမာအနေဖြင့် ကိုယ်လုပ်ချင်သောအရာမှာ ချက်ပြုတ်ခြင်းဖြစ်ပါက စားဖိုမှုး တစ်ယောက် သို့မဟုတ် စားသောက်ကုန်လုပ်ငန်းသေးသေးလေးတစ်ခုကို စတင်ပါ။ လူများကိုကူညီရန်စိတ်ဝင်စားပါက ကျန်းမာရေး သို့မဟုတ် ပညာရေးလုပ်ငန်းများတွင် အလုပ်အကိုင်တစ်ခုခုကိုရွေးချယ်နိုင်ပါတယ်။ မိမိကြိုက်နှစ်သက်သောအရာများနှင့် မကြိုက်သောအရာများကို ကိုယ်တိုင် ရှင်းရှင်းလင်လင်းသိရှိခြင်းက သင့်ကို စိတ်ဝင်စားစရာ အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို လမ်းညွှန်ပေးပါလိမ့်မယ်။
အဆင့် ၂: အခွင့်အလမ်းများကို ရှာဖွေပါ - သင့်ရဲ့ အနီးအနားရှိလူမှုအသိုင်းအဝိုင်းများမှာ သင်လုပ်နိုင်သော အလုပ်အကိုင် များစွာရှိနေပါတယ်။ အောက်ပါအချက်များကို စဥ်းစားပါ:
· သက်မွေးသင်တန်းများ: ကျွမ်းကျင်မှုတစ်ချို့ကို လေ့လာနိုင်သော သက်မွေးသင်တန်းများရှိပါတယ်။ (ဥပမာ- စက်ပြင်သင်တန်းများ ၊ အလှပြင်ခြင်းသင်တန်းများ သို့မဟုတ် စက်မှုလုပ်ငန်းသင်တန်းများ) မိမိစိတ်ဝင်စားတဲ့သင်တန်းတက်ရောက်ပြီး မိမိစွမ်းရည်ကို မြှင့်တင်ပါ။
· အွန်လိုင်းလေ့လာမှု: အင်တာနက်အကူအညီဖြင့် ကွန်ပျူတာပရိုဂရမ်းမင်း၊ အွန်လိုင်း အလုပ်အကိုင်၊ ကျန်းမာရေးသို့မဟုတ် ပညာရေးအလုပ်အကိုင်များနဲ့ ပတ်သက်၍ အွန်လိုင်းသင်တန်းများစွာကို လေ့လာနိုင်ပါတယ်။
· ပညာရှင်များနှင့် တွေဆုံခြင်း: လုပ်ငန်းအမျိုးမျိုးမှ ပညာရှင်များနှင့် တွေ့ဆုံပြီး သူတို့က ဘယ်လိုအခက်အခဲများကို ရင်ဆိုင်ခဲ့ကြပြီး သူတို့ရဲ့ လမ်းကြောင်းကို ခရီးဆက်သွားနိုင်ခဲ့ပါသလဲဆိုတာ မေးမြန်းကြည့်ပါ။ သင်ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ နားလည်လာပါလိမ့်မည်။
အဆင့် ၃: စတင်လုပ်ဆောင်ပါ- အလုပ်အကိုင်လမ်းကြောင်းများစွာကို လေ့လာပြီး၊ သင်နဲ့ကိုက်ညီသော လမ်းကြောင်းတစ်ခုရှာဖွေပြီးပါက အောက်ပါအဆင့်များကို စတင်လုပ်ဆောင်ပါ။
· ပထမဆုံး CV ရေးပါ-CV သည် သင်၏စွမ်းရည်များနှင့် အတွေ့အကြုံများကို ဖော်ပြပေးသော ကိရိယာတစ်ခုဖြစ်ပါတယ်။ သင့်နာမည်၊ ဆက်သွယ်ရန်အချက်အလက်များ၊ စွမ်းရည်များနှင့် အတွေ့အကြုံများကို ထည့်သွင်းပါ။
· အင်တာဗျူးပြင်ဆင်ခြင်း-"ကိုယ့်ကိုယ်ကိုပြောပြပါ" သို့မဟုတ် "ဒီအလုပ်ကို ဘာလို့လုပ်ချင်ပါသလဲ" ဆိုတဲ့ မေးခွန်းများကို ဖြေဆိုဖို့အတွက် ပြင်ဆင်၍ လေ့လာပါ။ လေ့လာပြီးရင် မေးခွန်းများအတွက် မိမိကိုယ်ကိုပိုမိုယုံကြည်စိတ်ချမှုရှိလာပြီး ရှင်းလင်းပြောဆိုနိုင်လိမ့်မည်။
· အခြေခံအလုပ်ဖြင့်စတင်ပါ- အလုပ်သစ်များသို့မဟုတ် အလုပ်သင်လုပ်ငန်းများနှင့်စတင်ခြင်း သည် ကျွမ်းကျင်မှုရရှိရန်နှင့် သင်၏ ဆက်ဆံရေးများအားတိုးတက်အောင်လုပ်ရန် အရေးကြီးသောအဆင့်တစ်ခုဖြစ်သည်။
· သင့်အလုပ်အကိုင်လမ်းကြောင်းကိုဖန်တီးပါ_အရေးကြီးဆုံးအဆင့်မှာ လုပ်ငန်းခွင်ဝင်ပြီး ကျွမ်းကျင်မှုများကို တိုးတက်အောင် လေ့လာပြီးမှ အခွင့်အလမ်းသစ်များကို လက်ခံပါ။ သင်၏အလုပ်အကိုင်လမ်းကြောင်းကိုတည်ဆောက်ရန် အချိန်နှင့် ကြိုးစားမှု လိုအပ်ပါတယ်။ ဖော်ပြပါ အဆင့်များကို လိုက်နာရင်း သင့်အလုပ်အကိုင်ရည်မှန်းချက်များကို ရရှိနိုင်ပါတယ်။
မိမိကိုယ်ကိုသိပါ" → "အခွင့်အလမ်းများ ရှာဖွေပါ" → "စတင်လုပ်ဆောင်ပါ" → "အလုပ်အကိုင်လမ်းကြောင်းတည်ဆောက်ပါ"
Abstract
“မိမိကိုယ်ကိုသိပါ" → "အခွင့်အလမ်းများ ရှာဖွေပါ" → "စတင်လုပ်ဆောင်ပါ" → "အလုပ်အကိုင်လမ်းကြောင်းတည်ဆောက်ပါ"
back