သက်မွေးပညာကျွမ်းကျင်မှုတစ်ခု သင်ယူပြီး သင့်အနာဂတ်ကို တည်ဆောက်ပါ....

No download available
Author:Unesco Admin
Created:Thursday, 26 December 2024, 4:29 AM
Last Modified:Thursday, 26 December 2024, 4:46 AM by Unesco Admin

Content

သက်မွေးပညာ တစ်ခုကို တတ်မြောက်ထားခြင်းက သင့်ဘဝအတွက် အလွန်အရေးပါတယ်။ အပ်ချုပ်ခြင်း၊ စက်ပြင်ခြင်း၊ ဟင်းချက်ခြင်း တစ်ခုခုကို သင်ယူတတ်မြောက်ထားခြင်းက မိမိရဲ့ စွမ်းဆောင်ရည်နဲ့ ယုံကြည်မှုတွေကို တိုးပွားစေနိုင်ရုံသာမက ငွေကြေးရရှိမှု နဲ့ သင့်ဘဝအတွက်အခွင့်အလမ်းသစ်များကိုလည်း ဖန်တီးပေးပါတယ်။

350+ Vocational Training Stock Illustrations, Royalty-Free Vector Graphics  & Clip Art - iStock | Vocational school, Training class, Workers

အဆင့် ၁: ကိုယ့်ရဲ့ စိတ်ဝင်စားမှုကို ရှာဖွေပါ။

ကိုယ့်စိတ်ဝင်စားသော  ကိုယ်နေထိုင်ရာ ဒေသအတွင်း အသုံးဝင်နိုင်မယ့် သက်မွေးပညာကျွမ်းကျင်မှုတစ်ခုကို ရွေးချယ်ပါ။

  • အနုပညာဖန်တီးတာကို စိတ်ဝင်စားပါသလား?အပ်ချုပ်ခြင်း သို့မဟုတ် အိမ်သုံးပရိဘောဂ ပြုလုပ်ခြင်းကို သင်ယူပါ။
  • ချက်ပြုတ်တာကို ကြိုက်နှစ်သက်ပါသလား?ရိုးရှင်းပြီး လူကြိုက်များသော ဟင်းချက်နည်းများကို စတင်သင်ယူပါ။
  • အလုပ်များကို လက်တွေ့လုပ်နေရတာကို ကြိုက်ပါသလား?စက်ပြင်ခြင်း သို့မဟုတ် အီလက်ထရောနစ် ပြုပြင်ခြင်းကို စတင်သင်ယူပါ။

ကိုယ့်စိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ ကျွမ်းကျင်မှုတစ်ခု ကို ရွေးချယ်ခြင်းက သင်ယူမှုကို ပိုပြီး စိတ်အားထက်သန်စေပြီး ပျော်ရွှင်စွာ လုပ်ဆောင်နိုင်စေပါတယ်။

အဆင့် ၂: သင်ယူပြီး လေ့ကျင့်ပါ။

စိတ်ဝင်စားသော သက်မွေးပညာကျွမ်းကျင်မှု တစ်ခုကို ရွေးချယ်ပြီးနောက်၊  သင်ယူမှုကို စတင်ပါ။

  • သင်နေထိုင်ရာ ရပ်ကွက်(သို့) ဒေသအတွင်း သင်တန်းတွေကို ရှာဖွေပါ။
  • အွန်လိုင်းသင်တန်းများ သို့မဟုတ် YouTube ဗီဒီယိုများကို ကြည့်ပြီး သင်ယူပါ။
  • လေ့ကျင့်မှုကို စဉ်ဆက်မပြတ် လုပ်ဆောင်ပါ။ အစပိုင်းမှာ အမှားတွေရှိခဲ့ရင်တောင် လက်ခံပြီး ဆက်လက် လေ့ကျင့်ပါ။

ဥပမာ:
အပ်ချုပ်ခြင်းကို သင်ယူနေခဲ့ပါက၊ အဝတ်တစ်ခုမှာ အပေါက်ပိတ်တာကနေ စတင်ပြီး အသစ်သစ်သော ပုံစံများကို ဖြည်းဖြည်းချင်းစီ လေ့ကျင့်ပါ။

အဆင့် ၃: သင့်ကျွမ်းကျင်မှုကို အသုံးချပါ။

သင့်ရဲ့ ကျွမ်းကျင်မှုကို သူငယ်ချင်းများ နှင့် အိမ်နီနားချင်းများမှ တဆင့် စတင်အသုံးချပါ။

  • ချက်ပြုတ်ပညာမှာ ကျွမ်းကျင်တယ်ဆိုရင် သူငယ်ချင်းများနှင့် အိမ်နီးနားချင်းများအတွက် ကူညီဟင်းချက်ပေးပါ။ ဝန်ဆောင်မှု ပေးပါ။
  • စက်ပြင်ပညာရဲ့ အခြေခံတွေကို သိရှိတယ်ဆိုရင်ပန်ကာ သို့မဟုတ် စက်ဘီးလို ရိုးရှင်းတဲ့ ပစ္စည်းတွေကို ပြင်ဆင်ပေးပါ။
  • မိမိ၏ ကျွမ်းကျင်မှုရဲ့ အရည်အသွေးကို လူများသိရှိလာပါက ထိုမှတဆင့် ဝင်ငွေရရှိလာပါလိမ့်မည်။
    သက်မွေးပညာ ကျွမ်းကျင်မှုတစ်ခုကို တတ်မြောက်ထားခြင်းက သင့်ကို ယုံကြည်မှု၊ ငွေအရင်းအမြစ်နှင့် အခွင့်အလမ်းသစ်များရရှိစေပါလိမ့်မည်။

Source: Google photo

Abstract

ယနေ့မှစပြီး သက်မွေးပညာကျွမ်းကျင်မှုတစ်ခု သင်ယူပြီး သင့်အနာဂတ်ကို တည်ဆောက်ပါ....



back