ဘာသာစကားအသစ်တစ်ခု လေ့လာခြင်းအတွက် အကြံပြုချက်များ

No download available
Author:Unesco Admin
Created:Wednesday, 1 January 2025, 7:28 AM
Last Modified:Wednesday, 1 January 2025, 7:31 AM by Unesco Admin

Content

ဘာသာစကားလေ့လာရန် အသုံးဝင်သော လမ်းညွှန်ချက်များအချို့ကို စာဖတ်သူများအားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁. အခြေခံစကားလုံးများကို သင်ယူပါ။
အသုံးများသော ဝေါဟာရများနှင့် အသုံးအနှုန်းများကို သင်ယူပါ။  နှုတ်ဆက်စကား၊ နံပါတ်များ နှင့် နေ့စဉ်သုံး စကားလုံးများကို သင်ယူပါ။

၂. နေ့စဉ်အချိန်အနည်းငယ် လေ့ကျင့်ပါ။
နေ့စဉ် ၁၀-၁၅ မိနစ် လေ့ကျင့်ခြင်းဖြင့် သင်ယူပါ၊ လေ့ကျင့်မှုကို နေ့စဉ်ပြုလုပ်ခြင်းက စကားလုံးအသုံးအနှုန်းကို မှတ်မိရန်ကူညီပါသည်။

၃. ဘာသာစကားနှင့် တတ်နိင်သမျှ ထိတွေ့ပါ။
သီချင်းများနားထောင်ခြင်း၊ ရုပ်ရှင်များနှင့် သတင်းများကြည့်ခြင်း၊ မိမိလေ့လာနေသော ဘာသာစကားဖြင့် အသုံးပြုနေသော ဆိုရှယ်မီဒီယာ အကောင့်များကို ဖော်လိုလုပ်ထားခြင်းက ဘာသာစကားနှင့် ပိုမိုအကျွမ်းဝင်စေသည်။

၄. စတင်သင်ယူသည့်နေ့မှ  စပြီးပြောပါ။
"
ပြောဖို့  အဆင့်သင့် ဖြစ်သည်အထိ" စောင့်မနေပါနဲ့။ မှားမှာကို မကြောက်ပါနဲ့ ။ လေ့ကျင့်ပြော‌ဆိုမှုများက သင့်အား ယုံကြည်မှုရှိလာစေပြီး၊ ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုလာနိုင်ပါသည်။

၅. ဘာသာစကားလေ့လာရန် အက်ပ်များ အသုံးပြုပါ။
အက်ပ်များသည် လေ့ကျင့်မှုများကို ပြုလုပ်ရန် ကူညီပေးနိုင်သည်။ အသုံးပြုကြည့်ပါ။

၆. ရည်ရွယ်ချက်များ သတ်မှတ်ပါ။
တစ်နေ့အတွင်း  စကားလုံး အသစ် ၁၀ လုံးသင်ယူမည်၊ သို့မဟုတ် တစ်လအတွင်း ၅ မိနစ်ကြာ အပြန်အလှန် ပြောဆိုနိုင်အောင် လေ့ကျင့်မည် စသည်ဖြင့် ရည်ရွယ်ချက်များနှင့် တိုင်းတာချက်များကို သတ်မှတ်ပါ။

၇. စိတ်ရှည်ပြီး သင်ယူလိုစိတ်ရှိပါ။
ဘာသာစကားလေ့လာခြင်းသည် ချက်ချင်းတတ်လွယ်သောအရာ မဟုတ်ပါ။ အခက်အခဲများ ရှိပါသည်။ ကြာရှည်ပါသည်။ စဉ်ဆက်မပြတ် လုပ်ဖို့ အရေးကြီးပါသည်။ သေးငယ်သော အောင်မြင်မှုကစ၍ မိမိကိုယ်ကို ချီးမွမ်းပါ။ အားပေးပါ။

၈. ဘာသာစကားလေ့လာသူများဖွဲ့ထားသော အဖွဲ့များတွင်ပါဝင်ပါ။
ဘာသာစကားသင်ယူသူ အဖွဲ့ဝင်တစ်ဦးဖြစ်ခြင်းအားဖြင့် လေ့လာမှုကို အားပေးစေပါတယ်။ ဆိုရှယ်မီဒီယာရှိ ဘာသာစကား အဖွဲ့များကို ဝင်ရောက်ရန် စဉ်းစားပါ။

၉. နားထောင်ခြင်းနှင့် စာဖတ်ခြင်းကို လေ့လာပါ
ပြောဆိုခြင်းတစ်ခုတည်းကို အာရုံမစိုက်ပါနဲ့။  စာအုပ်များ၊ ဆောင်းပါးများ ၊ အသံဖိုင်များကိုလည်း နားထောင်ပါ။ များများဖတ်၊ များများနားထောင်ခြင်းက များများပြောဆိုနိုင်ရန် အားပေးပါသည်။

ဘာသာစကားအသစ်တစ်ခုလေ့လာခြင်းက မိမိအတွက် ရင်းနှီးမြုပ်နှံမှု လုပ်ခြင်းတစ်မျိုးဖြစ်သည်။

ဘာသာစကားအသစ်တစ်ခု မကြာခင် ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ရန် ယနေ့မှ စလေ့လာလိုက်ပါ။

Abstract

လူများနှင့် ဆက်ဆံလိုသူ၊ ခရီးသွားလိုသူ၊ သို့မဟုတ် မိမိအလုပ်ကို တိုးတက်အောင်လုပ်လိုသူများအတွက်ဘာသာစကားအသစ်တစ်ခု လေ့လာခြင်းသည် တန်ဖိုးရှိသောကျွမ်းကျင်မှုတစ်ခုဖြစ်သည်။ 



back