စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်း

No download available
Author:Unesco Admin
Created:Thursday, 9 January 2025, 10:00 AM
Last Modified:Thursday, 9 January 2025, 10:06 AM by Unesco Admin

Content

လူငယ်တွေကိုလေ့လာတဲ့ သုတေသနစာတမ်းတွေမှာ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုဟာ လူငယ်တွေမှာ အလွန်အဖြစ်များလာကြောင်း အဓိကတွေ့ရှိလာရပါတယ်။ စိတ်ဖိစီးမှု သို့မဟုတ် စိုးရိမ်ပူပန်မှု ခံစားရခြင်းဟာ ပုံမှန်ဖြစ်ပေမယ့် အချိန်ကြာကြာစိတ်ဖိစီးမှုခံစားရယင် ကိုယ်ရော စိတ်ပါ ဆိုးဝါးစွာထိခိုက်တတ်ပါတယ်။ ဒါကြောင့်စိတ်ကျန်းမာရေးကောင်းမွန်လာစေဖို့ ထိုခံစားချက်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာ သိရှိနားလည်ထားဖို့လိုအပ်လာပါတယ်။

လူငယ်တွေမှာစိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတွေကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေကတော့ -

·       ပညာရေးဆိုင်ရာဖိအားတွေ

·       Social mediaကို အလွန်အကျွံအသုံးပြုခြင်း။

·       မိသားစုပဋိပက္ခ သို့မဟုတ် ငွေကြေးအခက်အခဲတွေ

·       ရာသီဥတုပြောင်းလဲမှု၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေးမသေချာမရေရာမှုစတဲ့ ပြဿနာတွေ

·       မျိုးရိုးဗီဇ၊ ကိုယ်ရည်ကိုယ်သွေးစရိုက်လက္ခဏာစတဲ့ ဇီဝဗေဒနှင့် စိတ်ပိုင်းဆိုင်ရာအချက်တွေ ဖြစ်ပါတယ်။

လူငယ်တွေမှာ စိတ်ဖိစီးမှုခံစားရယင်

ü  ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်တိုလွယ်ခြင်း။

ü  အိပ်ရေးပျက်ခြင်း သို့မဟုတ် အစာစားချင်စိတ် ပြောင်းလဲခြင်း။

ü  အာရုံစူးစိုက်ရန် ခက်ခဲခြင်း သို့မဟုတ် စိတ်အားတက်ကြွမှု မရှိခြင်း။

ü  ခေါင်းကိုက်ခြင်း သို့မဟုတ် ဗိုက်နာခြင်းကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ။

ü  သူငယ်ချင်းများနှင့်ရှောင်ဖယ်နေခြင်းကဲ့သို့သော စိတ်ဖိစီးမှုလက္ခဏာတွေတွေ့ရတတ်ပါတယ်။

ထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းနည်းဗျူဟာတွေကတော့

ကိုယ်ကျန်းမာစေတဲ့ အလေ့အကျင့်ကောင်းတွေဖြစ်တဲ့

အားကစားလုပ်ခြင်း၊ ကခုန်ခြင်း၊ သို့မဟုတ် လမ်းလျှောက်ခြင်း စတဲ့ ကိုယ်ခန္ဓာတက်ကြွလှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်ပါ။

အာဟာရရှိတဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ပါ။

အာရုံစူးစိုက်မှုကောင်းမွန်စေဖို့ အိပ်ချိန်လုံလောက်ဖို့လည်းလိုပါတယ်။

စိတ်တည်ငြိမ်စေတဲ့လှုပ်ရှားမှုတွေဖြစ်တဲ့

တရားထိုင်ခြင်း၊ အသက်ဝဝရှုခြင်း၊ ပုံဆွဲခြင်း၊ သီချင်းနားထောင်ခြင်းစတဲ့ လှုပ်ရှားမှုတွေလုပ်ပါ။

လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ဆိုင်တဲ့လှုပ်ရှားမှုတွေဖြစ်တဲ့

မိမိယုံကြည်ရသူတစ်ဦးနှင့် ခံစားချက်တွေကို မျှဝေပါ။ ဆက်သွယ်စကားပြောဆိုပါ။ လိုအပ်ယင် အကူအညီတောင်းပါ။

မိမိကို စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတွေကို ကန့်သတ်ပြီး  မိမိစိတ်အာရုံကို အခြားအကျိုးရှိတဲ့ လှုပ်ရှားမှုတွေဆီ ပြောင်းလဲအာရုံစိုက်လုပ်ဆောင်ပါ။

ဥပမာ-

ဆိုရှယ်မီဒီယာအသုံးပြုချိန်ကို လျှော့ချပြီး အွန်လိုင်းသင်တန်းများတက်ရောက်သင်ယူခြင်း။

မိမိရဲ့တိုးတက်မှုကိုသာ အာရုံစိုက်ပြီးအခြားသူများနဲ့ နှိုင်းယှဉ်ခြင်းကို ရှောင်ကြဉ်ပါ။

မိမိရဲ့ အသိုင်းအဝိုင်းကိုအေးချမ်းပြီး လုံခြုံဘေးကင်းတဲ့ဝန်းကျင်ဖြစ်အောင် ဖန်တီးယူပါ။

စာဖတ်သူများအနေဖြင့် အကျိုးရှိတဲ့ စိတ်ဖိစီးမှုကိုင်တွယ်ဖြေရှင်းနည်းတွေကို သိရှိနားလည်ရုံသာမက လက်တွေ့အသုံးချနိုင်ဖို့၊ မိမိပတ်ဝန်းကျင်ကိုလည်း စိတ်ကျန်းမာရေးအသိပညာတွေကို မျှဝေပေးဖို့ ဒီ article မှတဆင့် နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။ 

Abstract

"Smooth seas do not make skillful sailors."

စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေဟာ သင့်ကို ပိုတိုးတက်လာစေဖို့၊ ခံနိုင်ရည်ရှိလာစေဖို့နှင့် သင်ယူလေ့လာဖို့အတွက် အခွင့်အလမ်းတွေပေးထားခြင်းဖြစ်ပါတယ်။ အခက်အခဲတွေကိုရင်ဆိုင်ခြင်းက သင့်ကိုယ်ရည်ကိုယ်သွေးကို ပိုတောက်ပြောင်လာစေပြီး နောင်တွေ့ရမယ့်အတားအဆီးတွေကို ပိုမိုထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ သင်ကြားပေးပါတယ်။



back