ငွေကြေးကို အကျိုးရှိရှိဘယ်လိုစီမံခန့်ခွဲကြမလဲပြီးတော့ဘတ်ဂျက်ချခြင်းဆိုတာဘာလဲ။

No download available
Author:Myanmar Youth Platform
Created:Monday, 13 January 2025, 9:41 AM
Last Modified:Thursday, 16 January 2025, 3:49 AM by Unesco Admin

Content

“ ငွေကြေးကို စနစ်တကျ စီမံ ခန့်ခွဲပြီး အနာဂတ် စီမံ ကိန်းကို ပုံဖော်ဖို့ဆိုရင် ဘတ်ဂျက်ချခြင်းဟာ သင်မဖြစ်မနေ သင်ယူရမယ့် အရာပါ။”

သင့်အနာဂတ်ပုံဖော်ရေး ဘတ်ဂျက် ရေးဆွဲပေး။

သင်ရဲ့ ကောင်းမွန် စွာချမှတ်ထားတဲ့ ဘတ်ဂျက်ဟာ သင့် ဘဏ္ဍာရေးခရီးအတွက်လမ်းပြမြေပုံ တစ်ခုဖြစ်စေမှာပါ။ဤလမ်းပြမြေပုံကသင့်ရဲ့ ငွေသုံးစွဲ စီးဆင်းမှုဟာ သင်အမှန်တကယ်လိုအပ်အရာ တွေကို ဝယ်ယူနေပြီး သင့်ရဲ့ ငွေကြေးပန်းတိုင်ဆီ အရောက် သွားနေသလား ဒါမှ မဟုတ်၊ မလိုအပ်တဲ့ ဝယ်ယူသုံးစွဲ မှု တွေဆီ ကိုရောက်ရှိလားဆိုတာကို လမ်းပြပေးနိုင်မှာ ဖြစ်ပါတယ်။ စနစ်တကျ ဘတ်ဂျက် မချမှတ်ထားဘူးဆိုရင် မလိုအပ်ပဲ ငွေပိုမို သုံးစွဲ မိနိုင်ပြီး အရေးပေါ် အခြေအနေတွေနဲ့ ရေရှည်လိုအပ်ချက်တွေ ကိုပြင်ဆင်ထား တာမျိုးမရှိနိုင်ပါဘူး။ ဘတ်ဂျက် ချမှတ်ခြင်းဟာသင်ရဲ့ ပုံမှန် မဖြစ်မနေ သုံးစွဲမှု တွေ၊ စုငွေတွေ၊ မျှော်လင့် မထားသော ကုန်ကျစရိတ်များအတွက် အစီအစဉ် ရှိမှာ ဖြစ်သလို ငွေကြေးဆိုင်ရာ ဖိစီးမှုကို လျော့နည်းစေပြီးသင့်ကို  စိတ်ချမ်းသာ စေမှာပဲ ဖြစ်ပါတယ်။ဒါ့ အပြင် အိမ်ယာ တစ်ခု ပိုင်ဆိုင်လိုခြင်း၊ ငွေကြေးစုဆောင်းခြင်း၊ခရီး သွားခြင်း၊ ပညာ သင်စရိတ် စသည့် သင့် အိမ်မက်တွေကိုပုံဖော်ဖို့ အတွက် အများကြီး အထောက်အကူ ပြုစေမှာ ဖြစ်ပါတယ်။

ဒါဆိုရင် လူငယ်မိန်းကလေး တစ်ယောက်ဖြစ်တဲ့ ဂျာမိုင်ကသူမ တက်ချင်တဲ့ နိုင်ငံခြား ဘွဲ့တစ်ခုအတွက် ဘတ်ဂျက်ကိုစနစ်တကျ အဆင့်ဆင့် ဘယ်လို ချသွားမလဲ လေ့လာကြည့်ရအောင်။

၁။ ဝင်ငွေနဲ့ ထွက်ငွေကို အမြဲ ချင့်ချိန် သုံးသပ်ခြင်း- ဂျာမိုင်က အရောင်းဆိုင် တစ်ခုမှာ အရောင်းစာရေး မကလေး အဖြစ် အလုပ်လုပ်ပါတယ်။ သူမရဲ့ တစ်လဝင်ငွေ ကို စတင်မှတ်သားပါတယ်။ ပြီးတော့ ထွက်ငွေတွေကို စာရင်းမှတ်ပါတယ်။မဖြစ်မနေ သုံးစွဲ ရမယ့်သုံးစွဲ ငွေတွေ ဖြစ်တဲ့ (အဆောင်ခ၊ ထမင်းစရိတ်၊ ရေဖိုး၊ မီးဖိုး၊ ဘတ်(စ်)ကားခ) စသည့်တို့ကို ခွဲထုတ်ပါတယ်။မဖြစ်မ‌နေ သုံးစွဲ စရိတ်တွေ မဟုတ်ပဲ လိုလားချက်များ ဖြစ်တဲ့ အကျီ၊ အလှ ပြင်ပစ္စည်း၊ ဖုန်းဘေလ် စတဲ့ အသုံးစရိတ်တွေ ကိုလည်းခွဲထုတ်ပါတယ်။

၂။ ငွေကြေးပန်းတိုင်များ ချမှတ်ထားခြင်း-သူမဟာ ရေတို ငွေကြေးပန်းတိုင်တွေ ဖြစ်တဲ့အင်္ဂလိပ်စာ သင်တန်းကြေးပေးရန် နှင့် ရေရှည် ငွေကြေးပန်းတိုင် ဖြစ်တဲ့ နိုင်ငံခြားဘွဲ့တစ်ခု အတွက်ငွေကြေး ပန်းတိုင်သတ်မှတ်ခြင်းတွေကို ချမှတ်ပါတယ်။

၃။ငွေကြေးသုံးစွဲမှုကို စနစ်တကျ ခွဲဝေ သတ်မှတ်ခြင်း-သူမ ဟာလစဉ် သူမဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို မဖြစ်မနေ သုံးစွဲ ရမယ့် အသုံးစရိတ် တွေအတွက် သုံးစွဲပြီး၊ ၃၀ ရာခိုင်နှုန်းကို သူမလိုချင်တဲ့ သုံးစွဲ မှုတွေ ဖြစ်တဲ့ အကျီ၊ အလှ ပြင်ပစ္စည်း၊ ဖုန်းဘေလ်စတာတွေ အတွက် သုံးစွဲပါ တယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကို လစဉ်စုသွားပါတယ်။တချို့လတွေမှာ လိုချင်တာတွေ ကို လျော့ပြီးလည်းစုပါတယ်။

၄။ချင့်ချိန် သုံးသပ်ခြင်း_ တချို့လတွေမှာ လိုချင်တာတွေ ကို လျော့ပြီးပို စုပါတယ်။အဆောင်ကိုလည်း အလုပ်နဲ့ နီးပြီး လမ်းလျှောက် သွားလို့ ရတဲ့ နေရာကို ပြောင်းလိုက်တော့ဘတ်(စ်)ကားခလည်း သက်သာ သွားတယ်လေ။

၅။ အပ်ပလီကေးရှင်းများအသုံးပြုခြင်း_ ဂျာမိုင်ဟာ အသုံးစရိတ်တွေ ကိုခွဲခြား သတ်မှတ် ပေးတဲ့ အပ်ပလီကေးရှင်းတစ်ခုကို  download ဆွဲထားတော့ သူကကိုယ့်ရဲ့ ငွေကြေးသုံးစွဲမှုကို သုံးသပ်ပြပေးတဲ့ အခါ လွယ်ကူ အဆင်ပြေပြီး သူမရဲ့ ငွေကြေးစီမံ ခန့်ခွဲ မှု အတွက် အထောက်အကူ ဖြစ်စေတယ်လေ။

အရေးကြီးတာ တစ်ခုက ဘတ်ဂျက်ချမှတ်တယ်ဆိုတာစဉ်ဆက်မပြတ် လုပ်ဆောင်သွားပြီး လိုက်လျောညီထွေလည်း ရှရပါမယ်။ဒါဆို သင့်ရဲ့ ငွေကြေးပန်းတိုင်ကို ပြည့်မြောက်အောင်ဒီကနေ့ပဲ စတင်လုပ်ဆောင်လိုက်ရအောင်။ Myanmar Youth Platform, E-Learning program ရဲ့ Financial Literacy course ကို လည်းသွားရောက်လေ့လာနိုင်ပါတယ်။”

Abstract

ဘတ်ဂျက်ချခြင်းဆိုတာကိုယ့်ကို ကိုယ် ကန့်သတ်ချုပ်ချယ် လိုက်တာ မဟုတ်ပါဘူး၊သင့်ရဲ့ရွေးချယ်သုံးစွဲ မှုတိုင်းမှာ စဉ်းစားချင့် ချိန် စွာ လုပ်ဆောင်တတ်မှုကို အားပေးတာပဲ ဖြစ်ပါတယ်။အချိန်အနည်းငယ်ယူပြီး ဘတ်ဂျက်ချမှတ်ခြင်းဟာ သင်လိုချင်၊ပုံဖော်ချင်တဲ့ အိမ်မက်တွေ ဆီကို အရောက်လှမ်းတဲ့အခါမှာ ငွေကြေးဆိုင်ရာစိတ်ဖိစီးမှု တွေကို လျော့နည်းစေပြီး ငွေကြေးက သင့်ကိုထိန်းချူပ်သွားတာ မဟုတ်ပဲ ငွေကြေးကို သင်ကကောင်းမွန်စွာ ထိန်းချုပ် သွားနိုင်မှာ ဖြစ်ပါတယ်။ 



back