About Us
ပြီးဆုံးရန် လိုအပ်ချက်များ
နောက်ဆုံး ပြင်ဆင်ထားသော: Wednesday, 31 July 2024, 9:10 AM
အောင်မြင်တဲ့ဘဝကို တည်ဆောက်ဖို့ ကျွမ်းကျင်မှုများ ရယူပါ။
သင့်ဘဝနဲ့ အသက်မွေးမှု စွမ်းရည်ကို မြှင့်တင်လိုက်ပါ။
အရည်အသွေးမြင့် သင်တန်းများကို တက်ရောက်လိုက်ပါ။
သင်နှစ်သက်တဲ့အချိန် အခမဲ့လေ့လာလိုက်ပါ။
ကျွန်ုပ်တို့၏ အဓိကတန်ဖိုးထားမှုများ

အားလုံးပါဝင်နိုင်မှု
သင်ယူလေ့လာသူတိုင်း တန်ဖိုးထားပြီး ပါဝင်နိုင်ကြောင်း ခံစားရဖို့ ထိုက်တန်တယ်လို့ ယုံကြည်ပါတယ်။ MYP ပလက်ဖောင်းမှာ မတူကွဲပြားမှုတွေကို လက်ခံဖို့နဲ့ မသန်စွမ်းသူများ အပါအဝင် အားလုံး ပါဝင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။

အရည်အသွေးပြည့်ပညာရေး
MYP ကနေ သင်ယူလေ့လာသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပြီး အနာဂတ်အတွက် ပြင်ဆင်ပေးနိုင်ဖို့ အရည်အသွေးမြင့်တဲ့ ပညာရေးအကြောင်းအရာတွေကို သင်ကြားပို့ချပေးသွားမှာပါ။

လုံခြုံစိတ်ချရမှု
MYP အနေနဲ့ ကလေးငယ်တွေနဲ့ လူငယ်တွေ စိုးရိမ်မှုမရှိဘဲ စာလေ့လာမှုကို အာရုံစိုက်နိုင်ဖို့ လုံခြုံစိတ်ချရတဲ့ လေ့လာမှုရပ်ဝန်းတွေကို ဖန်တီးပေးဖို့လည်း အလေးထားပါတယ်။

အားပေးမြှင့်တင်မှု
MYP ဟာဆိုရင် သင်ယူလေ့လာသူတွေကို ၎င်းတို့ရဲ့ ဘဝနဲ့အလုပ်အကိုင်မှာ အောင်မြင်နိုင်ဖို့ လိုအပ်တဲ့ စွမ်းရည်တွေနဲ့ အသိပညာတွေကို အားပေးမြှင့်တင်ပေးသွားဖို့ ရည်ရွယ်ပါတယ်။
အွန်လိုင်း သင်ယူမှု
E-learning မှာဆိုရင် တစ်နာရီစာ သင်တန်း များမှ တစ်ဆင့် ကိုယ့်ရဲ့ အလုပ်အကိုင် နဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက် မြှင့်တင်ဖို့ အပြင် နောက်ထပ် အခွင့်အလမ်းတွေကို ရရှိနိုင်အောင် လိုအပ်တဲ့ အသိပညာတွေနဲ့ နည်းပညာတွေကို ရယူထားလိုက်ပါ။
စာကြည့်တိုက်
E-Library မှာတော့ များစွာသော အသံဖိုင်တွေ၊ podcasts တွေ၊ ဗီဒီယိုသင်ခန်းစာတွေနဲ့ အမျိုးမျိုးသော အရင်းအမြစ်ဖိုင်တွေကို ရယူနိုင်မှာဖြစ်ပါတယ်။
သင်ယူသူများပြောသော Myanmar Youth အကြောင်း

Chan Myae Khin
Realistic course တွေသင်ခဲ့တာမလို့ တစ်ချိန်မဟုတ် တစ်ချိန် ပြန်အသုံးချနိုင်မယ် ယုံကြည်ပါတယ်။

Kyaw Thiha
ဗဟုသုတတွေအများကြီးရခဲ့ပါတယ်။ သင်ခန်းစာကို organise လုပ်ထားတဲ့ပုံစံကိုလည်း သဘောကျပါတယ်။ အဆင်ပြေပါတယ်

Aye Chan Thu
Public speaking ကရှေ့ဆက် လိုအပ်လာမှာပါ။ အာ့ကြောင့် ဒီ skill တွေနဲ့ လူရှေ့မှာပြောနိုင်တယ်လို့ထင်ပါတယ်။

Aung Thura
Videoတွေကို part နဲ့ ခွဲပေးတာက ကြည့်နေတဲ့သူတွေအတွက် မပျင်းသွားစေပါဘူး

Su Su Khin
Interview tipsတွေလည်းလက်ရှိမှာသိချင်နေတာမို့လို့အများကြီးအကျိုးရှိပါတယ်ဗျ
Google slides အသုံးပြုပုံလည်းသိရလို့ နောက်ပိုင်း presentation တွေမှာကောင်းကောင်းအသုံးချဖြစ်မှာပါ

Thiha Tun
Critical thinkingကတော့ problem analysis နဲ့cover letter writing တွေက စီပွားရေးလုပ်ခွင်တွေ scholarship လျှောက်တာတွေအတွက် အထောက်အကူဖြစ်ပါတယ်။