Join a Course
သင်ယူသူများအတွက်အကြောင်းအရာများ
- အကောင့် / ပရိုဖိုင်
- သင်တန်း
သင်တန်းအား စာရင်းသွင်းရန် နည်းလမ်း
အဆင့် ၁။ E-Learning တွင် “All courses” ကိုနှိပ်ပါ။
အဆင့် ၂။ "Courses" စာမျက်နှာအပေါ်တွင်ရှိသော "Search courses," ဆိုသည့် ရှာဖွေရေးဘား(Search)ကို အသုံးပြုပြီး သင့်တက်ရောက်လိုသော သင်တန်းကို အလွယ်တကူရှာဖွေပါ။ တနည်း Home page မှ Explore Top courses သည် most enrolled ကိုပြပေးထားခြင်းဖြစ်ပါသည်။ အဲ့ဒီမှ တဆင့်လည်း Course ကို enrol လုပ်နိုင်ပါသည်။
အဆင့် ၃။ ဘယ်ဖက်၌ရှိသော သင်တန်းအမျိုးအစားများ (ဥပမာ - Digital Literacy သို့မဟုတ် Career Development) ကို အသုံးပြုပြီး ရှာဖွေမှုကို တိတိကျကျပြုလုပ်နိုင်ပါသည်။ ထို့နောက် Filter ခလုတ်ကိုနှိပ်ပါ။
အဆင့် ၄။ သင်ရှာသော နာမည်ဖြင့် သင်တန်းများ ရှိပါက ပြပေးပါမည်။သင်တန်းများကိုညာဘက် သို့မဟုတ် အောက်ဘက်တွင် ကြည့်ရှုပါ၊ ထို့နောက် သင်တန်းအမည် သို့မဟုတ် ပုံပေါ်ကို နှိပ်ပြီး အသေးစိတ်ကို ကြည့်ရှု၍ စာရင်းသွင်းပါ။ သင်လိုအပ်သော သင်တန်းအမည်ကို ရိုက်ထည့်ပြီး ခွင့်ပြုထားသော သင်တန်းများကို ရှာဖွေနိုင်ပါသည်။
အဆင့် ၅။ "Enroll me" ခလုတ်ကို နှိပ်ပါ။
အဆင့် ၆။ Expand ကိုနှိပ်ပါ။ သင်တန်းတွင် ပါဝင်သော သင်ခန်းစာများ သို့မဟုတ် အချက်အလက်များ အားလုံးကို လေ့လာကြည့်ရှူ့နိုင်ပါသည်။ သင်ခန်းစာများကို လေ့လာရာတွင် section တစ်ခုပြီး တစ်ခု လေ့လာသွားရမည်ဖြစ်သည်။
အဆင့် ၇။ activity (လှုပ်ရှားမှု) တစ်ခုခြင်းမှ activity (လှုပ်ရှားမှု) တစ်ခုခြင်း သို့ ရွှေ့လျားရန် Next သို့မဟုတ် Previous ကို နှိပ်ပါ။