Module 2 အခြေခံလျှပ်စစ်သဘောတရားနှင့် အယူအဆများ
...
လျှပ်စစ်ဖြစ်ပေါ်လာခြင်း၏အစဖြစ်သော အက်တမ်တည်ဆောက်ပုံများ၊ အီလတ်ထရွန်များ လျှပ်စစ်ဝါယာကြိုးတလျှောက်ရွေ့လျားသွားခြင်းကြောင့် လျှပ်စစ်စီးဆင်းခြင်းများကို သင်ကြား ပြသထားပြီး၊ လျှပ်စစ်ပညာရပ်၏အခြေခံအုတ်မြစ်ဖြစ်သော Voltage, Current, Resistance တို့၏ သက်မှတ်သောသင်္ကေတများ၊ သုံးစွဲသော ယူနစ်များအကြောင်းကို လျှပ်စစ် သင်တန်းသူ၊သင်တန်းသားများအလွယ်တကူ မှတ်သားနိုင်ရန် အရှင်းလင်းဆုံးပုံစံဖြင့် သင်ကြားပေးထားပါသည်။
လျှပ်စစ်ဖြစ်ပေါ်လာခြင်း၏အစဖြစ်သော အက်တမ်တည်ဆောက်ပုံကို သိရှိနားလည်ရန်။
လျှပ်စစ်စီးဆင်းခြင်းကို သိရှိနားလည်ရန်။
လျှပ်စစ်၏ဂုဏ်သတ္တိများကို သိရှိနားလည်ရန်။
Voltage, Current, Resistance တို့၏ သင်္ကေတနှင့် ယူနစ်များအား သိရှိနားလည်ရန်။
Current အမျိုးအစားများအား လေ့လာမှတ်သားနိုင်ရန်။
Voltage, Current, Resistance တို့ကိုအခြေခံ၍ အခြေခံလျှပ်စီးပတ်လမ်းပြုလုပ်သည်ကို သိရှိနားလည်ရန်။