4.5 average based on 2 ratings (more).
- 5 50%
- 4 50%
- 3 0%
- 2 0%
- 1 0%
လူမှုစိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခ ( Psychosocial Well-being) သည် လူသားတိုင်းအတွက် ပျော်စရာ ကောင်းသော အနာဂတ်များ ပိုင်ဆိုင်နိုင်စေရန် နှင့် ကျန်းမာပျော်ရွှင်သော ဘဝနေထိုင်မှု အတွက် မရှိမဖြစ် လိုအပ်ပါသည်။ လူမှုစိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခ ပြည့်စုံနေမှသာ လူတစ်ယောက်က မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ အလေးအမြတ်ထားခြင်း နှင့် ဘေးကင်းလုံခြုံမှုကို ခံစားရပြီး ၊ ပြဿနာ ဖြေရှင်းနိုင်စွမ်း၊ ဆုံးဖြတ်ချက်များကို ခိုင်ခိုင်မာမာချနိုင်ခြင်း နှင့် ပဋိပက္ခများကို အပြုသဘောဖြင့် ပူးပေါင်းအဖြေရှာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ဤမော်ဂျုးတွင် လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု မိတ်ဆက် သင်ခန်းစာကို လေ့လာရမှာ ဖြစ်ပြီး၊ လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှု၏ အဓိပ္ပါယ်၊ အခြေခံမူများ နှင့် လူမှုစိတ်ပိုင်းဆိုင်ရာကူညီ ထောက်ပံ့ပေးနိုင်သည့် နည်းလမ်းများ ပါဝင်ပါသည်။ ဤအွန်လိုင်းသင်ခန်းစာတွင် သီအိုရီပိုင်းဆိုင်ရာ သဘောတရားများ၊ လက်တွေ့လုပ်ဆောင်နိုင်သည့် နည်းလမ်းများနှင့် ဖြစ်ရပ်လေ့လာမှုများဖြင့် ထိခိုက်ခံစားနေရသူများအတွက် အလုံးစုံသော ချမ်းသာသုခကိုမြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။
ဤသင်ခန်းစာ လေ့လာမှုအပြီးတွင်
လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု၏ အခြေခံသဘောတရားနှင့် အဓိပ္ပါယ်ကို နားလည်လာမည်။
လူသားများတွင်ရှိတတ်သော လိုအင်များကို သိရှိနားလည်ပြီး ထိခိုက်ခံစားနေရသူများအတွက် အလုံးစုံသော ချမ်းသာသုခကိုမြှင့်တင်ပေးနိုင်မည်။
လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ ပေးရာတွင် လိုက်နာရမည့် အခြေခံမူများကို နားလည်သဘောပေါက် လိုက်နာတတ်မည်။
လူမှုစိတ်ပိုင်းဆိုင်ရာ ပိရမစ်၏ အလွှာနှင့် ပံ့ပိုးကူညီနိုင်သည့် နည်းလမ်းများကို သိရှိပြီး ပံ့ပိုးကူညီပေးနိုင်မည်။