Number Rolling
28

COURSES

214

E-LIBRARY CONTENT

632

STUDENTS

E-Library Page Explore Top Courses

Explore Top Courses ထိပ်တန်းသင်တန်းများကိုလေ့လာရန် View All နောက်ထပ်သင်တန်းများကိုကြည့်ရန်

Popular
အိုင်တီကမ္ဘာကိုမိတ်ဆက်ခြင်း

အိုင်တီကမ္ဘာကိုမိတ်ဆက်ခြင်း

4.56
(9)

ဒီသင်ခန်းစာတစ်ခုလုံးမှာ ကျောင်းသားများအနေဖြင့် ကွန်ပျူတာတွေ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ပြောင်းလဲလာမှုအကြောင်းကို လေ့လာရမှာဖြစ်ပြီး အခြေခံကျတဲ့ ကွန်ပျူတာတွေရဲ့ Hardware နှင့် software တွေအကြောင်း၊အင်တာနက်အသုံးပြုရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေကို ကာကွယ်နိုင်ဖို့အတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခြေခံသဘော တရားတွေကိုလည်း လေ့လာသင်ကြားရမှာဖြစ်ပါတယ်။ သင်ခန်းစာတွေကို လေ့လာရာမှာ အချို့သော သင်ခန်းစာတွေဟာ ညွှန်ကြားချက်တွေကိုဖတ်ရှု့ခြင်းနှင့်  အချို့သော သင်ခန်းစာတွေမှာ ဗီဒီယိုကို ကြည့်ပြီး လေ့လာကြရမှာ ဖြစ်ပါတယ်။ ဒီသင်ခန်းစာကို လေ့လာဖို့အတွက် အချိန် ၁ နာရီကြာ လေ့လာရမှာဖြစ်ပါတယ်။ လေ့လာသူတွေအနေဖြင့် သင်ခန်းစာတွေကို အပိုင်းလိုက် လေ့လာရမှာဖြစ်တဲ့အတွက် တခါတည်း အချိန် ၁ နာရီ ပေးစရာမလိုပါ။

   

Popular
ပိုမိုကောင်းမွန်သောအလုပ်အကိုင်အတွက် ICT ကျွမ်းကျင်မှုများ

ပိုမိုကောင်းမွန်သောအလုပ်အကိုင်အတွက် ICT ကျွမ်းကျင်မှုများ

3.67
(3)

ယနေ့ခေတ်တွင် နည်းပညာဆိုင်ရာ ပညာရပ်များစွာထွန်းကားလာသည်နှင့်အမျှ အိုင်တီနည်းပညာသည် နေ့စဉ်ဘဝ အများနှင့် ချိတ်ဆက်စကားပြောဆိုခြင်းမှ ပညာရေးနှင့် အလုပ်အကိုင်များအထိ မရှိမဖြစ်လိုအပ်လာပါသည်။ ထို့ကြောင့် ယခုသင်တန်းကို လူငယ်များ၏ ဘ၀တိုးတက်မြင့်မားရေးအတွက် အသုံး၀င်စေမည့် နည်းပညာအသုံးပြုပုံများကို ပေါင်းစုပြီး ရေးဆွဲထားခြင်းဖြစ်ပါသည်။ သင်ခန်းစာခွဲ (၃) ခန်းပါဝင်မည်ဖြစ်ပြီး (၁) Microsoft အက်ပလီကေးရှင်းများ၊  (၂) Google မှပေးသော ဝန်ဆောင်မှုများ၊  (၃)အလုပ်အကိုင်ရှာဖွေရေး အက်ပလီကေးရှင်းများစသည့် နည်းပညာဆိုင်ရာမူများနှင့်အသုံးချမှုများကို ဖော်ပြထားပါသည်။ သင်ခန်းစာတိုင်းကို အခြေခံမှစ၍ ရေးဆွဲထားခြင်းဖြစ်သဖြင့် ယခုမှစတင်လေ့လာသူများအတွက် အထူးသင့်တော်သလို နားလည်တတ်ကျွမ်းပြီးသူများအနေဖြင့်လဲ ထပ်မံကြည့်ရှုပြီး မိမိတို့သိရှိထားသည့် အသိပညာများဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

အခြေခံလက်သင်္ကေတပြဘာသာစကား

အခြေခံလက်သင်္ကေတပြဘာသာစကား

0
(0)

နားမကြားသောသူများသည် အကြားအာရုံ ခက်ခဲမှုကြောင့် နှုတ်ထွက်စကားနှင့်ဘာသာစကားပြောဆို ဆက်သွယ်မှုများတွင် အခက်အခဲရှိကြသည်။ ထို့ကြောင့် ထို အကြားအာရုံ ချို့ယွင်းသော သူများသည် သူတို့၏ မိသားစု၊ ဆရာ/ဆရာမများ၊ သူငယ်ချင်း များနှင့် ပြောဆို ဆက်သွယ်နိုင်ရန် လက်ဟန်ပြဘာသာစကား ကိုတတ်မြောက်ထားရန် အရေးကြီးပါသည်။အကြားအာရုံ ချို့ယွင်းသောသူများသာမက မိဘများ၊ ဆရာများ နှင့်သူငယ်ချင်းများ အပါအဝင် လူတိုင်းတတ်မြောက်ထားမှသာ သူတို့နှင့် ပြောဆိုဆက်သွယ်မှုတွင် လွယ်ကူချောမွေ့ပြီး အားလုံးအကျူံးဝင်နိုင်ရေး ကို ပိုမို မြှင့်တင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဤသင်ခန်းစာတွင် ရန်ကုန်မြို့၊ ဒဂုံ မြို့နယ် ၊သံတမန် လမ်းရှိ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းမှ ရိုက်ကူးတင်ဆက်ထားသည့် အခြေခံ လက်သင်္ကေတပြ ဘာသာစကားအကြောင်းအရာ (၁၅) မျိုး ဗီဒီယိုကို လူတိုင်းလေ့လာဆည်းပူးနိုင်ရန် ဖော်ပြပေးထားပါသည်။

အခြားသူများကိုနားလည်ခြင်း

အခြားသူများကိုနားလည်ခြင်း

0
(0)

ဒီသင်တန်းက ဆယ်ကျော်သက်တွေကို အခြားသူများနဲ့ ပြောဆိုဆောင်ရွက်တဲ့အခါမှာ လိုက်နာကျင့်သုံးသင့်တဲ့ နည်းလမ်းတွေနဲ့ စိတ်ခံစားမှုဆိုင်ရာ ဆင်ခြင်သုံးသပ်ရမယ့်အချက်တွေကို လေ့လာသွားရမှာဖြစ်ပါတယ်။ သင်ခန်းစာတစ်ခုစီမှာ အခြားသူတွေနဲ့ ပြုမူဆက်ဆံပြောဆိုတတ်အောင်၊ အခြားသူတွေရဲ့စိတ်ခံစားချက်တွေ အပြင် မိမိရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို နားလည်သိရှိအောင်၊ မိမိကိုယ်ကိုစာနာနားလည်းဂရုစိုက်တတ်အောင် သင်ခန်းစာတွေ၊ ဗီဒီယိုတွေကနေ တဆင့် ပြောပြသွားမှာ ဖြစ်ပါတယ်။ ဒီသင်တန်းပြီးဆုံးတဲ့အခါ သင်တန်းသားတွေက အခြားသူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ မျှဝေခံစားနားလည်တတ်ပြီး ပြောဆိုဆက်သွယ်မှုစွမ်းရည်တွေကို အသုံးချနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့ပြင် အလေးပေးနားထောင်ခြင်း၊ အပြန်အလှန်နားလည်မှုထားရှိခြင်းစတဲ့ ကျင့်ဝတ်တွေကိုလည်း ကိုယ်တိုင်နားလည်ကျင့်သုံး တတ်လာမှာပဲ ဖြစ်ပါတယ်။ 

အသင်းအဖွဲ့ဖြင့်ဆောင်ရွက်ခြင်း

အသင်းအဖွဲ့ဖြင့်ဆောင်ရွက်ခြင်း

0
(0)

ဒီသင်တန်းက ဆယ်ကျော်သက်တွေကို အသင်းအဖွဲ့နှင့်ဆောင်ရွက်တတ်အောင်၊ ပြဿနာတွေကို ပူးပေါင်းဖြေရှင်းနိုင်ပြီး စေ့စပ်ညှိနှိုင်းတတ်တဲ့စွမ်းရည်တွေရရှိအောင် သင်ခန်းစာတွေ၊ ဗီဒီယိုတွေကနေ တဆင့် ပြောပြသွားမှာ ဖြစ်ပါတယ်။ ဒီသင်တန်းမှာ ပူးပေါင်းဆောင်ရွက်တဲ့အလုပ်တွေမှာ ရှိသင့်တဲ့ အခြေခံအသိပညာတွေ၊ ပြဿနာတွေကို တွေးခေါ်စဉ်းစားဖြေရှင်းပုံတွေကို ဥပမာများနဲ့ရှင်းပြသွားမှာဖြစ်ပါတယ်။ ဒီသင်တန်းပြီးဆုံးတဲ့အခါ သင်တန်းသားတွေက အပေါင်းသင်းများနဲ့ ပြောဆိုဆောင်ရွက်ရာမှာ မိမိတို့ရဲ့ စိတ်ကူးစိတ်သန်းများကိုမျှဝေတတ်ခြင်း၊ မတူညီသောအမြင်များကို အလေးထားတန်ဖိုးထားခြင်းနဲ့ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေး စွမ်းရည်များကိုပြသနိုင်မှာပဲဖြစ်ပါတယ်။ 

လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု အွန်လိုင်းသင်ခန်းစာ

လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု အွန်လိုင်းသင်ခန်းစာ

4.5
(2)

လူမှုစိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခ ( Psychosocial Well-being) သည် လူသားတိုင်းအတွက် ပျော်စရာ ကောင်းသော အနာဂတ်များ ပိုင်ဆိုင်နိုင်စေရန် နှင့် ကျန်းမာပျော်ရွှင်သော ဘဝနေထိုင်မှု အတွက် မရှိမဖြစ် လိုအပ်ပါသည်။ လူမှုစိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခ ပြည့်စုံနေမှသာ လူတစ်ယောက်က မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ အလေးအမြတ်ထားခြင်း နှင့် ဘေးကင်းလုံခြုံမှုကို ခံစားရပြီး ၊ ပြဿနာ ဖြေရှင်းနိုင်စွမ်း၊ ဆုံးဖြတ်ချက်များကို ခိုင်ခိုင်မာမာချနိုင်ခြင်း နှင့် ပဋိပက္ခများကို အပြုသဘောဖြင့် ပူးပေါင်းအဖြေရှာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

ဤမော်ဂျုးတွင် လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု မိတ်ဆက် သင်ခန်းစာကို လေ့လာရမှာ ဖြစ်ပြီး၊  လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှု၏ အဓိပ္ပါယ်၊ အခြေခံမူများ နှင့် လူမှုစိတ်ပိုင်းဆိုင်ရာကူညီ ထောက်ပံ့ပေးနိုင်သည့် နည်းလမ်းများ ပါဝင်ပါသည်။ ဤအွန်လိုင်းသင်ခန်းစာတွင် သီအိုရီပိုင်းဆိုင်ရာ သဘောတရားများ၊ လက်တွေ့လုပ်ဆောင်နိုင်သည့် နည်းလမ်းများနှင့် ဖြစ်ရပ်လေ့လာမှုများဖြင့် ထိခိုက်ခံစားနေရသူများအတွက် အလုံးစုံသော ချမ်းသာသုခကိုမြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။ 

ဤသင်ခန်းစာ လေ့လာမှုအပြီးတွင် 

  • လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု၏ အခြေခံသဘောတရားနှင့် အဓိပ္ပါယ်ကို နားလည်လာမည်။

  • လူသားများတွင်ရှိတတ်သော လိုအင်များကို သိရှိနားလည်ပြီး ထိခိုက်ခံစားနေရသူများအတွက် အလုံးစုံသော ချမ်းသာသုခကိုမြှင့်တင်ပေးနိုင်မည်။

  • လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ ပေးရာတွင် လိုက်နာရမည့် အခြေခံမူများကို နားလည်သဘောပေါက် လိုက်နာတတ်မည်။

  • လူမှုစိတ်ပိုင်းဆိုင်ရာ ပိရမစ်၏ အလွှာနှင့် ပံ့ပိုးကူညီနိုင်သည့် နည်းလမ်းများကို သိရှိပြီး ပံ့ပိုးကူညီပေးနိုင်မည်။

  • Course CategoriesView All

    Explore hundreds of our courses and start learning with us to level up your skills and development.

    Digital Literacy

    Financial Literacy

    Personal Development

    Career Development

    Language

    Vocational & Livelihood

    Health & Well-Being

    Entrepreneurship

    Download the App

    Become a part of the Myanmar Youth Platform community and embark on a journey of learning and growth.

    ​​​Empower Yourself with Knowledge and Skills – Start Now!

     

    Video Highlights

    Transform access to education

    Explore all of our courses and pick your interested ones to enroll and start learning with us!

    FAQs

    "Myanmar Youth Platform" is an online education platform that offers a variety of courses and learning resources to help you achieve your educational goals. Our platform provides interactive courses, expert instructors, and a supportive community to enhance your learning experience.
    To sign up for a course, create an account on our website, browse the available courses, and click on the course you are interested in. Follow the enrollment instructions to start learning.
    All courses are available at no cost.

    A number reCAPTCHA is a test to make sure you’re not a robot! Here’s how to solve it:

    1. Look at the picture or the question—it will show some numbers or a little math problem.
    2. Type the exact numbers you see or the answer to the math problem in the box.
    3. Double-check that you typed the numbers correctly.

    If it’s hard to see, try refreshing the reCAPTCHA for a new one by clicking the refresh button.

    There are over 200 resources which can be previewed in E-library. After visiting section, you will find the list of available resources.  After clicking on the thumbnail or title of each resource, you will be redirected to the resource detail page where you can preview or download the attached resource files.

    View all frequently asked questions